ချစ်ရသူနန်းလေးသိပါစေ

ဒီလိုနဲ့ဘဲ
နေ့တွေကြာခဲ့
ဒိုင်ယာရီစာမျက်နှာတွေနွမ်းခဲ့
အချစ်ရယ်

ဒီရင်ကလေ
နင်တစ်ယောက်တည်းကိုဘဲ
တောင့်တနေဆဲ

ဘယ်လောက်ဘဲကြာခဲ့ကြာခဲ့
မမေ့နိုင်ခဲ့
နင်သိပါစေ
ချစ်သူရယ်

ငါဖွင့်မပြောလဲ
နင်သိမှာဘဲ
ချစ်သူရယ်
နားလည်ပေးလေ

မတန်မရာ
ဖွင့်ပြောတယ်လို့
မထင်ပါနဲ့

အချစ်ရယ်
နင်သိပါစေ
ချစ်သူသိပါစေ
ချစ်သူသိပါစေ...။

Posted by ညလင်းကြယ်


Comments