ဂေါ်ရခါးတက္ကသိုလ်ကျောင်းသူ၊ကျောင်းသားများ၏လှုပ်ရှားမှု့
မြစ်ကြီးနားဂေါ်ရခါးတက္ကသိုလ်ကျောင်းသူကျောင်းသားများဦးဆောင်၍မြစ်ကြီးနားမြို့တွင်ရိုးရာအကပြိုင်ပွဲကျင်းပါမည်ဖြစ်ပါသည်။ထိုကိစ္စနှင့်ပတ်သက်၍ယနေ့ နေ့လည်၁နရီတွင်မြစ်ကြီးနားဂေါ်ရခါးဓမ္မသာလ၌အစည်းအဝေးကျင်းပခဲ့ရာသက်ဆိုင်တက္ကသိုလ်ကျောင်းသားခေါင်းဆောင်များနှင့်ကျောင်းသားအချို့တက်ရောက်ခဲ့ကြပါသည်။အစည်းအဝေးတွင်ပြိုင်ပွဲကျင်းပရမည့်ကိစ္စများ၊ကျောင်းသားများမှအဓိကလူအားသုံးရမည့်ကိစ္စ၊ငွေရေးကြေးရေးအတွက်sponserများရရှိထားပြီးကြောင်း၊ပြိုင်ပွဲရက်မရောက်ခင်ကြိုတင်ပြင်ဆင်ရမည့်အချက်များ၊ကျောင်းသားများမှပြိုင်ပွဲကျင်းပမည့်အကြောင်းအရာများကိုရပ်ကွက်တိုင်းလှည့်လည်အသိပေးရမည်ဖြစ်ကြောင်းစသည့်အကြောင်းအရာများဆွေးနွေးခဲ့ကြပါသည်။Dance competition ကို Mayနောက်ဆုံးပတ်တွင်ကျင်းပမည်ဖြစ်ပါသည်။ပြိုင်ပွဲကိုပြိုင်ပွဲဝင်လူဦးရေးပေါ်မူတည်နှစ်ရက်သုံးရက်အကြာကျင်းပမည်ဖြစ်ပါသည်။ပွဲကိုနေ့လည်၁နာရီမှညနေ၅နာရီထိကျင်းပသွားပါမည်။ပြိုင်ပွဲကျင်းပရသည့်အကြောင်းရင်းကဂေါ်ရခါးလူငယ်ကျောင်းသားများ၏ဦဆောင်လှုပ်ရှားမှု၊စည်းလုံးမှုစသည့်တို့ကိုပြသရန်ဖြစ်ကြောင်းပြိုင်ပွဲကိုအဓိကအဖြစ်ဦးဆောင်သွားမည့်ကျွန်တော်တို့တက္ကသိုလ်ကျောင်းသားခေါင်းဆောင်တစ်ဦးဖြစ်သောကိုအောင်ပန်း(ခ)ကိစ္စနားမှပြောကြားခဲ့ပါသည်။ပြိုင်ပွဲကိစ္စနှင့်ပတ်သက်၍အစည်းအဝေးကိုလာမည့်Sundayနေ့လည်၁နာရီတွင်ဂေါ်ရခါးဓမ္မသာလ၌ထပ်မှန်ကျင်းပမည်ဖြစ်ပါသည်။
ပိုးဟပ်ဖြူ
Comments
Post a Comment