हिम्मत राखे र जानुहोस ..........साथी
"သတ္တိဆိုတာ လဲကျပြီး ချက်ချင်းပြန်ထရပ်တာပဲဖြစ်တယ်"
လမ်းလျှောက်သင်စကလေးငယ်တွေဟာ မကြာခဏဆိုသလို လဲကျကြတယ်။ လမ်းလျှောက်သင်စမှာ မလဲကျဖူးတဲ့ကလေးဆိုတာ မရှိခဲ့ပါဘူး။ ကလေးတွေဟာ လဲကျတာနဲ့ ချက်ချင်း ပြန်ကုန်းထတတ်ကြတယ်။ ဒီလို လဲကျပြန်ထတဲ့အပြုအမူက နောက်ပိုင်းမှာ ကျင့်သားရသွားတယ်။
ကလေးတွေဟာ လဲကျသွားတဲ့အခါ လဲကျရင်ဘာဆက်လုပ်ရမလဲလို့ စဉ်းစားတွေဝေမနေတော့ဘဲ ချက်ချင်းပြန်ထရပ်ပြီး ရှေ့ကိုဆက်လျှောက်လှမ်းကြတယ်။
ဒါဟာ လမ်းစပျောက်နေတဲ့သူတွေ၊ ထိခိုက်အနာတရ ရသူတွေ၊ ဘာဆက်လုပ်လို လုပ်ရမှန်းမသိသူတွေ လိုချင်တောင့်တတဲ့ သတ္တိပဲမဟုတ်ပါလား။
ကလေးဘဝကတည်းက ကျင့်သားရနေခဲ့တဲ့ လဲကျပြန်ထတဲ့အပြုအမူတစ်ခုကို အခုချိန်မှာ မေ့နေခဲ့ပြီလား၊
အခက်အခဲနဲ့ ကြုံချိန်မှာ သတ္တိရှိရှိဆုံးဖြတ်ချက်ချပြီး (ပြန်ထရပ်ပြီး) ရှေ့ကိုရဲရဲလျှောက်လှမ်းလိုက်ပါ။ လှပတဲ့အရာ၊ ပျော်ရွှင်တဲ့နေ့ရက်တွေ ရှေ့မှာ သင့်ကိုဆီးကြိုနေပါလိမ့်မယ်။
Posted Via D&D
Comments
Post a Comment