What mean of money ?€$@
လောကရဲ့ ဆင်းရဲခြင်းအစစ်အမှန်ကို ပြသချင်တဲ့ ဖခင်က သားငယ် ကို လက်ဆွဲကာ ရွာတစ်ရွာသို့ ခေါ်လာခဲ့ပါတယ်။ ရွာထဲရောက် တော့ သားငယ်က ဟိုဟိုဒီဒီလှည့်ပတ်ကြည့်ရှုနေချိန်မှာ ဖခင်က တစ်နေကုန် တစ်နေခမ်း လယ်ကွင်းထဲမှာသာ အချိန်ကုန်ဆုံးနေတဲ့ ဆင်းရဲသား လယ်သမားမိသားစုကို လက်ညိုးထိုးပြလိုက်ပြီး သား ဖြစ်သူကို မေးခွန်းမေးပါတယ်။
ဖခင်ဖြစ်သူက “သား ဟိုးကဆင်းရဲတဲ့ မိသားစုကို သားတွေ့တယ်မို့ လား။ ဆင်းရဲတာက ဘာလဲလို့ သားခံစားမိသလဲ ” လို့ မေးပါတယ်။
ဒီတော့ သားဖြစ်သူက “ သားတို့မှာ ချစ်စရာခွေးတစ်ကောင်ရှိ တယ်။ သူတို့မှာ သန်စွမ်းကြံ့ခိုင်တဲ့ ခွေးလေးကောင်ရှိတယ်။ သားတို့မှာ ရေကန်ပြာပြာရှိတယ်။ သူတို့မှာ တသွင်သွင်စီးနေတဲ့ အေးချမ်းတဲ့ မြစ်တစ်ခုရှိတယ်။
သားတို့မှာ ညဘက်နီယွန်မီးသီးကြီးတွေရှိတယ်။ သူတို့မှာ အဆုံးမ ရှိတဲ့ ကောင်းကင်ကြီးထဲက ကြယ်ပွင့်လေးတွေရှိတယ်။သားတို့ စားစရာတွေကို ပိုက်ဆံပေးပြီး ဝယ်စားတယ်။ သူတို့က ကိုယ်တိုင်စိုက်ပျိုးပြီး စားသောက်ရတယ်။
သားတို့ မိသားစုအိမ်အတွက် အကာအကွယ်ပေးတဲ့ နံရံတံတိုင်းအ အမြင့်ကြီးတွေရှိတယ်။ သူတို့မှာ ဝိုင်းဝန်းဖေးမပေးမယ့် သူငယ်ချင်း တွေအများကြီးရှိနေတယ်။
သားတို့မှာ သင်ယူတတ်မြောက်လို့ရတဲ့ ဘာသာစကား စာပေတွေ အများကြီးရှိတယ်။ သူတို့မှာ ဘုရားသခင်ဆုံးမတဲ့ ကျမ်းဂန်စာသား တွေရှိတယ် လို့” သားဖြစ်သူက ဖြေကြားတယ်။
“ကျေးဇူးပဲ ဒက်ဒီ သားတို့ရဲ့ တကယ့်ဆင်းရဲခြင်းကိုပြပေးလို့”
ပုံပြင်လေးက ပေးချင်တဲ့ အကြောင်းအရာလေးအနေနဲ့ လူ့လောက လူ့ဘဝကြီးမှာ ပိုက်ဆံတွေပေါကြွယ်ဝတိုင်း ချမ်းသာနေရတယ်လို့ ထင်နေကြတာဟာ အမှန်တကယ်တော့ မဟုတ်ပါဘူး။
လောကကြီး မှာ ပိုက်ဆံနဲ့ဝယ်လို့မရနိုင်တဲ့ အရာတွေအများကြီးရှိပါတယ်။ တစ် ဦးအပေါ်တစ်ဦးထားတဲ့ ချစ်ခြင်းမေတ္တာတရား၊ ဖုံးကွယ်လို့မရတဲ့ ဖြူစင်ရိုးသားခြင်း၊ ကူညီဖေးမစောင့်ရှောက်ပေးတတ်တဲ့ အပေါင်း အသင်းမိတ်ဆွေ၊ စစ်မှန်တဲ့ချစ်ခြင်းမေတ္တာတရားတွေလွှမ်းခြုံထား တဲ့ မိသားစု အသိုင်းအဝန်း၊ ပတ်ဝန်းကျင် အစစ်လေးတွေကမှသာ လောကကြီးရဲ့ စစ်မှန်တဲ့ချမ်းသာမှုစည်းစိမ်တွေပါပဲ။
Posted Via D&D
Comments
Post a Comment