Main Hoon Naa....
အဆင်မပြေရင် ပြန်လာခဲ့ !
ဒီမှာ ကောင်လေးတစ်ယောက် နင့်ကို စောင့်နေတယ် ~
နွေ မိုး ဆောင်း ရာသီအားလုံး ကိုယ့်ကိုယ်ကို ဂရုစိုက် !
နင့်အတွက် ငါ စိတ်ပူတယ် ~
စိတ်ညစ်စရာတွေရှိလာရင် ငါ့ဆီဖုန်းဆက် !
ဘယ်တုန်းကမှ ဖျက်မပစ်ရက်ခဲ့တဲ့ contact listတစ်ခု ငါ့ဆီမှာ ရှိနေသေးတယ် ~
အမှတ်တမဲ့ပဲဖြစ်ဖြစ် နင်ပျင်းနေလို့ပဲဖြစ်ဖြစ် ငါ့ဆီ message တစ်စောင်သာပို့လိုက် !
နင့်အတွက် ပြန်စာရိုက်ဖို့ ငါ အဆင်သင့်စောင့်နေတယ် ~
ရေမြေခြားက ကာလာစုံတွေကြား နင် မပျော်တော့တဲ့အခါ ငါ့ဆီပြန်လာခဲ့ !
နင့်ကို ငါ အခုထိ စောင့်နေသေးတယ်
Gorkha TU Student...AJ...
Comments
Post a Comment