For lady

သူသိစေချင်
~~~~~~
ကျွန်တော့်အနား သူရှိရင်
အရာရာ ကျေနပ်
ဘာကြောင့်များ နေတတ်နေတာလဲ?

သူမရှိတဲ့ နေ့တွေဆို
အရာရာ အုံ့မှိုင်း
ကျွန်တော့်စိတ်တွေ ထုံထိုင်းနေတယ်....။

တစ်ပါးသူနဲ့
့စကားကြည်ဖြူပြောနေရင်
ကျွန်တော်စိတ်ဆိုး
သူမကို တိတ်တခိုးများ...
ချစ်မိနေပြီလား.....?

သူမရဲ့ အသံ
သူမရဲ့ပြုအမှုတွေကို
အကြိမ်ကြိမ် စိတ်ကူး
ကြည်နူးမိတာလဲ အခါခါပါ ...။

တကယ်တော့...
သူမနဲ့ ကျွန်တော့်ကြားခြားထားတဲ့
စည်းအရမ်းကြီးတယ် ......။

ကျွန်တော်ဟာ....
ချစ်သူကိုတောင်
"ချစ်တယ်"လို့မပြောရဲသူပါ....။

ကျွန်တော့် အချစ်တွေ
သူမ သိသွားမည့်တစ်နေ့ရလာမယ့်
အဖြေကိုမျှော်လင့်ရင်း......။။



Posted Via D&D

Comments