စာမေးပွဲကြီးနီးလာပြီ
ကယ် စာမေးပွဲကနီးနေပြီဆိုတာ အားလုံးကိုပြောပြနေစရာတော့မလိုတော့ဘူးထင်တယ်နော်။ အထပ်ထပ်အခါခါပြောင်းလဲနေတဲ့ပညာရေးစနစ်အောက်မှာ အစမ်းသပ်ခံသားကောင်တွေဖြစ်သွားတဲ့ညီလေး၊ညီမလေးတို့ရှိကြမှာပါ။ ခုပညာရေးစနစ်ကအဲ့လိုပါပဲ စမ်းသပ်မှုကာလထဲမှာပဲရှိပါသေးတယ်။ သားကောင်အဖြစ်မခံချင်ရင်တော့ ဒီချိန်မှစ၍ online ပေါ်မှဆင်းပြီး အခန်းတံခါးပိတ်ကာ ခေါင်းထဲမှာ စာလုပ်ဖို့အတွက်ပဲစွဲမြဲထားပါ။ အခုမှစာစလုပ်လဲ အချိန်မှီသေးပါတယ်။ တစ်နှစ်ထက်တစ်နှစ်ကအောင်ဖို့ ဆိုတာမလွယ်တော့ပါဘူး။ စာမေးပွဲကျရင် မိဘက ဘာဖြစ်တယ်ညာဖြစ်တယ်တွေတော့ မပြောတော့ပါဘူး။ ပြောချင်တာကတော့ ကာယကံရှင်ကိုယ်တိုင်ကိုက အရမ်းခံစားရပါတယ်နော် (ဟုတ်တယ်မလား နှစ်ကျကျောင်းသား/သူ တွေ)။ ကဲပါ ခုချက်ခြင်းလိုက်ဖတ်နေတာတွေရပ် GMAကုန်းဆင်းတာတွေရပ် ဖုန်းလေးပိတ် စာအုပ်ကလေးဖွင့်လို့ စာသွားကျက်ကြပါဆို့။
Kyaw Gyi မှ ခံစားသည်
Comments
Post a Comment