စိုက်ပျိုးရေးသိပ္ပံကျောင်း၌ပထမနှစ်ဝက်စာမေးပွဲစတင်ဖြေဆို

မြစ်ကြီးနားမြို့ပမ္မတီးရပ်ကွက်ရှိ စိုက်ပျိုးရေးသိပ္ပံကျောင်း၌ ပထမနှစ်ဝက်စာမေးပွဲများကို ၁၇.၃.၂၀၁၅နေ့မှ စတင်ဖြေဆိုပြီး ၂၆.၃.၂၀၁၅နေ့တွင် စာမေးပွဲကျင်းပပြီးစီးမည်ဖြစ်သည်။အဆိုပါကျောင်းသည် ယခု၂၀၁၄-၂၀၁၅ပညာသင်နှစ်၌ စတင်ဖွင့်လှစ်ခဲ့ခြင်း ဖြစ်သည်။ထို့ကြောင့် ယခုနှစ်၌ ပထမနှစ် ကျောင်းသားကျောင်းသူများသာရှိသည်။ကျောင်းသူကျောင်းသားများမှာ ၁၅၀ကျော်ခန့်ရှိသည်ဟု သိရသည်။ကျောင်းသူကျောင်းသားများမှာ ကျောင်းမှချထားပေးသောအဆောင်၌နေရကာ လက်တွေ့Practicalများကိုလည်း နေ့စဉ်နံနက်ပိုင်းတွင်field(ကွင်း)ဆင်းပြီးပြုလုပ်ရကြောင်းသိရသည်။ ယခု First Semester စာမေးပွဲပြီးဆုံးလျှင် နွေရာသီကျောင်းပိတ်ပြီးနောက် ဇွန်လတွင် Second Semester စတင်ဖွင့်လှစ်မည် ဖြစ်ကြောင်းသတင်းရရှိခဲ့ပါသည်



Kyaw Thura မှ ခံစားသည်

Comments