गाउँखाने कथा भाग २

မင်္ဂလာပါ Gorkha TZမောင်နှမများခင်ဗျား
အခုကျွန်တော်တို့Gorkha TZမှ ညီအကိုမောင်နှမများ ဗဟုသုတရရှိစေရန်အတွက် စကားထာလေးများအစီအစဉ်မှ ကြိုဆိုပါတယ်။ ကျွန်တော်လက်လှမ်းမှီသလောက်ဖတ်ရှုလိုက်ရတာလေးတွေပေါ့ဗျာ
ကျွန်တော်လည်းtypingလုပ်ရတာ ပျင်းတဲ့အတွက်
တပတ် နဲနဲ နဲ့တင်ပေးသွားမှာပါခင်ဗျား..။အရင်အပါတ်တုန်းကလဲ တင်ပြီးခဲ့ပါပြီ
စကားထာရဲ့အဓိပ္ပာယ်ကိုထပ်ပြောပါ့မယ်
စကားထာ( हामी नेपालीभाषामा गाउँ खाने कथा भनिन्छ हाेला)
သက်ရှိသက်မဲ့ အရာဝတ္ထုတစ်ခုခုကို တစ်ဘက်သား အစဉ်းစား ခက် အောင် အဓိပ္ပါယ်ဝှက်၍ မေးခွန်းထုတ်သောစကား များဖြစ်သည်။ စကားထာသည် လူ့ပတ်ဝန်းကျင်ကို ဂရုပြု လေ့ထာစေသော် ဥာဏ်စမ်းကစားနည်း တစ်မျိုးပင်ဖြစ်၏ 
စကားထာကို ကလေးသူငယ်များသာ၊ အများဆုံးဝှက်ကြ၏
၁၁။ လက်ကောက် ချိုင့်ထဲမှာ ရှိသည်။ (နွားခြေရာ)

၁၂။ အတိုအရှည် တစ်ထွားလောက် နောက်မှာ အမွေးပေါက်။ (နွားဦးချို)

၁၃။ နွားနီတစ်ကောင် သည်နွားမည်း စအို လျက်၏ (အိုးနှင့်မီး)

၁၄။ ကြံမည်းတစ်ရုံ ခုတ်မကုန်။ (ဆံပင်)

၁၅။ အဘိုးအိုတစ်ယောက် ဘယ်သွားသွား ရေထဲမှာပဲ နေ၏  (ကျွဲ)

၁၆။ အနီးကလေးရှိသော်လည်း အဝေးကို မြင်ရသည်။ (မျက်စိ)

၁၇။ မြင်တော့အနီးလေး တူးတော့ အနက်ကြီး ။  (မြေ)

၁၈။ တစ်လှမ်းသွားလည်း ကျွံ နှစ်လမ်းသွားလည်း ကျွံ။  (ကြပ်ခိုးစဉ်)

၁၉။ လူသေက လူအရှင်ကိုထမ်း။ (ပဲစဉ်)

၂၀။ လည်ပင်းကို ညှစ်ပြီးသွေးကိုစုပ်လို့ရသည်။ (ရေဘူး)



ဒီတစ်ပတ်တော့ဒီလောက်ဘဲဗျာ စာမေးပွဲလဲနီးပြီဆိုတော့ စာကျက်ရအုံးမယ်ဗျာ ဟဲဟဲ လူရှိန်အောင်ပြောတာနော် Typingလုပ်ရတာပျင်းလို့ဗျာ



Posted By निर्मलKyaw Thuraगाैतम

Comments