နည်းပညာတက္ကသိုလ်နှင့် ကွန်ပျူတာတက္ကသိုလ်များကို ပညာရေးဝန်ကြီးဌာနသို့ ယာယီလွှဲပြောင်းမည်

်

လာမည့်ဘဏ္ဍာရေးနှစ်မှ စတင်ကာ နည်းပညာတက္ကသိုလ်နှင့် ကွန်ပျူတာတက္ကသိုလ်များကို ပညာရေး ဝန်ကြီးဌာနသို့ ယာယီလွှဲပြောင်းမည် ဖြစ်ကြောင်း သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာကိုကိုဦးက တက္ကသိုလ်များ ပေါင်းစပ်ညှိနှိုင်းရေး အစည်းအဝေးပွဲတွင် ပြောကြားခဲ့သည်။ “လာမည့် ဘဏ္ဍာရေးနှစ်ကစပြီး နည်းပညာတက္ကသိုလ်နှင့် ကွန်ပျူတာတက္ကသိုလ်တွေကို ပညာရေး ဝန်ကြီးဌာနသို့ ယာယီ လွှဲပြောင်းမှာပါ။ သိပ္ပံနှင့် နည်းပညာ ဝန်ကြီးဌာန စက်မှုနည်းပညာ မြှင့်တင်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေး ဦးစီးဌာနမှာ အဆင့်မြင့် ပေါင်းစပ်ညှိနှိုင်းရေး ဌာနထားရှိပြီး နည်းပညာ တက္ကသိုလ်တွေ၊ ကွန်ပျူတာတက္ကသိုလ် တွေအတွက် လိုအပ်တဲ့ ပေါင်းစပ်ညှိနှိုင်းရေး လုပ်ငန်းတွေကို ဆောင်ရွက်ပေးသွားမှာပါ” ဟု ၎င်းက အစည်းအဝေး အမှာစကားတွင် ထည့်သွင်း ပြောကြားခဲ့သည်။ နည်းပညာ တက္ကသိုလ်နှင့် ကွန်ပျူတာ တက္ကသိုလ်များကို Autonomous University အဖြစ် ဆောင်ရွက်တော့မည် ဖြစ်သောကြောင့် တက္ကသိုလ် တစ်ခုချင်းစီအလိုက် တာဝန်ကိုယ်စီ ရှိကြသည့်အတွက် တက္ကသိုလ်များ ပေါင်းစပ်ညှိနှိုင်းရေးဆိုင်ရာ ကိစ္စရပ်များအတွက် ပူးပေါင်းဆောင်ရွက်သွားကြရန် လိုအပ်ကြောင်း ဒေါက်တာကိုကိုဦးက ထပ်မံ ပြောကြားသည်။ သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာနတွင် လက်ရှိ ဦးစီးဌာန ကိုးခုရှိပြီး လာမည့် ဘဏ္ဍာရေးနှစ်မှ စတင်ကာ ဦးစီးဌာန ငါးခုအဖြစ်သာ ပြင်ဆင်ဖွဲ့စည်းသွားမည် ဖြစ်ကြောင်း ၂၀၁၅ ခုနှစ် မတ်လ ၁၆ ရက်နေ့ထုတ် Internet ဂျာနယ်တွင် ဖော်ပြထားပါသည်။ ""



Posted By Nirmal*Kyaw Gyi

Comments