တကယ်​ချစ်​ခဲ့တာပါ

တစ်ချိန်ချိန်ကျရင် ....... ဆိုတဲ့
မျှော်လင့်ချက်တွေနဲ့ ရှင်သန်ခဲ့ဖူးတဲ့
Relationship တစ်ခုမှာ
ငါ့ယုံကြည်မှုတွေကို
လှလှပပကြီး ရိုက်ချိုးခံခဲ့ရဖူးတယ် ။

တစ်နေ့နေ့ကျရင် ........ ဆိုတဲ့
စိတ်ကူးတွေနဲ့ ရူးခဲ့ဖူးတဲ့
Relationship တစ်ခုမှာ
ငါ သိပ်ချစ်ရတဲ့သူရဲ့
သူ့ဘက်ကစ လက်တွဲဖြုတ်ခြင်းကို
ကျေကျေနပ်နပ် လက်ခံပေးခဲ့ရဖူးတယ် ။

တကယ်ပါ ...

ငါ သေလောက်အောင် နာကျင်ခံစားရမယ်ဆိုရင်တောင်

ငါ့ကြောင့် နင် နည်းနည်းလေးမှ မတွေဝေစေချင်ခဲ့ပါဘူး ....

ဒါကြောင့် ဖြစ်သမျှ အားလုံးအတွက်
ငါ ......... ကျေနပ်တယ် ။



Posted via ပိုးဟပ်​ဖြူ

Comments